တရုတ်ရေတပ်စောင့်ကြပ်သင်္ဘောစု ဗီယက်နန်သို့သွားရောက်ခရီးလှည့်လည်

2016-10-25 10:32:24 |သတင်းအရင်းအမြစ် 国际在线

တရုတ်ရေတပ် ၂၃သုတ် စောင့်ကြပ်သင်္ဘောစုသည် ၂၂ ရက်နေ့က ဗီယက်နန်နိုင်ငံ ကင်ဟွာပြည်နယ် ကန်ရမ် ဆိပ်ကမ်းသို့ ရောက်ရှိပြီး ၅ ရက်ကြာ ခရီးစဉ်ကို စတင်လှည့်လည်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    ဗီယက်နန်နိုင်ငံဆိုရာ တရုတ်သံတမန်အရာရှိများ၊ ဗီယက်နန်ရှိ တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ပညာတော်သင်များနှင့် ဗီယက်နန် တပ်မှူးတပ်သားများတို့သည် ကန်ရမ် ဆိပ်ကမ်းတွင် တရုတ်ရေတပ်စောင့်ကြပ်သင်္ဘောစုအား ကြိုဆိုခဲ့သည်။