တရုတ်ပြည်တိဗက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မတီမှ သက်ဆိုင်ရာသတင်းအရ ယခုနှစ်တွင် တိဗက်ဒေသ၏ သွင်းကုန်ပို့ကုန်အခြေအနေ ဆက်လက်ပြန်လည်တိုးတက်လာကြောင်း၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တိဗက်ဒေသ၏ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ၃၈၇၁သန်းဖြစ်ပြီး ယမန်နှစ်အလားတူကာလကထက် ၇.၄၉ရာခိုင်နှုန်းကျဆင်းသော်လည်း ၅လဆက်တိုက် တိုးတက်လာကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။