ဖိလစ်ပိုင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှု ခံရခြင်းအတွက် တရုတ် နှစ်သိမ့်အားပေး

2016-10-31 11:04:20 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ ဖိလစ်ပိုင်နိုင်ငံ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှု ခံရခြင်းအတွက် တရုတ်နိုင်ငံသည် နှစ်သိမ့်အားပေး ပါကြောင်း၊ ဖိလစ်ပိုင်အား တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးမည် ဖြစ်ကြောင်း ၂၄ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လူခမ်းက၊ တရုတ် ကြက်ခြေနီအသင်းသည် လူသားချင်း စာနာထောက်ထားမှု အမေရိကန်ဒေါ်လာ ၁ သိန်းကို ထောက်ပံ့ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားသည်။