၂၀၃၀ပြည့်နှစ်ရောက်လျှင် တရုတ်လူမျိုးပျမ်းမျှသက်တမ်း ၃နှစ်တိုးမည်ဟု ခန့်မှန်း

2016-10-31 11:08:27 |သတင်းအရင်းအမြစ် 国际在线

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့သည် မကြာခင်ရက်များက ၂၀၃၀ပြည့်နှစ် ကျန်းမာရေးလုပ်ငန်းစဉ်စီမံကိန်းကို ထုတ်ပြန်ခဲ့သည်။ ယင်းစီမံကိန်းတွင် ၂၀၃၀ပြည့်နှစ်ရောက်လျှင် တရုတ်ပြည်၏ အဓိက ကျန်းမာရေးစံနှုန်းများသည် ဝင်ငွေများနိုင်ငံများစာရင်းတွင် ဝင်ရောက်မည်ဖြစ်ကြောင်း၊ တရုတ်လူမျိုး၏ ပျမ်းမျှသက်တမ်းသည် ၃ နှစ်ဆက်တိုးပြီး အသက် ၇၉ နှစ်အထိရှိမည်ဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရသည်။