ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ၂၅ရက်နေ့က အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာတရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ဦးဟိုင်ထောက အချင်းပွားမှုဖြစ်ပွားရာ နိုင်ငံနှင့်ဒေသများ၌ အမျိုးသမီးများအား ကာကွယ်ရေးကို ဘက်စုံတွန်းအားပေးရန် နိုင်ငံတကမိသားစုကြီးသည် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ရမည်ဟု ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။