ကုလတွင် တရားဝင် နေရာ ပြန်လည်ရရှိသည့် ၄၅နှစ်ပြည့်မြောက်ခြင်း တရုတ် အထိမ်းအမှတ်ပြု

2016-10-31 11:15:19 |သတင်းအရင်းအမြစ် 国际在线

၁၉၇၁ခုနှစ် အောက်တိုဘာ ၂၅ရက်နေ့က ၂၆ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် ဆန္ဒမဲ အရေအတွက် အပြတ်အသတ်ဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ကို အတည်ပြု ပြဌာန်းခဲ့ရာ ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ တရားဝင် နေရာကို ပြန်လည်ရရှိစေခဲ့ကြောင်း၊ ယမန်နေ့ ၂၅ရက်နေ့က "ဘုံကံကြမ္မာ၊ ဘုံအိပ်မက်"ဟူသော ဆောင်ပုဒ်ဖြင့် "ကုလသမဂ္ဂတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ တရားဝင် အဆင့်နေရာ ပြန်လည်ရရှိခဲ့သည့် ၄၅နှစ်ပြည့် အထိမ်းအမှတ်ပြုခြင်း" နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ပီကင်းတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲ ကျင်းပစဉ် အတွင်း တက်ရောက်သူများသည် "ကုလသမဂ္ဂ အတွက် တရုတ်ပြည်၏ အကျိုးပြု စွမ်းဆောင်မှု ပြန်လည်သုံးသပ်ခြင်း"နှင့် "နိုင်ငံတကာ ရေးရာများတွင် တရုတ်ပြည် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အလားအလာ" ဟူသော ခေါင်းစဉ်၂ခုနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တက်ရောက်သူများက တရုတ်ပြည်သည် ကုလသမဂ္ဂ လုပ်ငန်းများကို တွန်းအား ပေးရေး အတွက် အရေးကြီးသည့် အင်အားဖြစ်လာမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သည် ကမ္ဘာ့ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး၊ တစ်ကမ္ဘာလုံးတွင် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ခြင်းစသည့် နယ်ပယ်များတွင် ကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှုကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ယူဆကြသည်ဟု ပြောကြားသည်။