ပထမအကြိမ်ကမ္ဘာ့စီးပွားရေးဖိုရမ် မဲခေါင်မြစ်အစည်းအဝေး ကျင်းပ

2016-10-31 11:19:31 |သတင်းအရင်းအမြစ် 国际在线

ပထမအကြိမ်ကမ္ဘာ့စီးပွားရေးဖိုရမ် မဲခေါင်မြစ်အစည်းအဝေးကို ယမန်နေ့ ၂၅ ရက်နေ့ ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ကျင်းပခဲ့ရာ၊ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen၊ လာအိုဝန်ကြီးချုပ် Thonglounနှင့် ထိုင်း နိုင်ငံ ဒု ဝန်ကြီးချုပ် Somkidတို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယခုအကြိမ်အစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ မဲခေါင်မြစ်ဒေသငယ် တိုးတက်မှု အားဖြည့်ဆောင်ရွက်ခြင်းဟူ၍ဖြစ်ကြောင်း၊ စုစုပေါင်း ဆွေးနွေးပွဲ ၅ခုကို  ကျင်းပမည်ဖြစ် ရာ၊ မဲခေါင်မြစ် ဒေသငယ်နိုင်ငံများဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းတပြေးညီဖြစ်စေရေး ဖြစ်စဉ်စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်အရသိရ သည်။