အောက်တိုဘာလ ၂၂ရက်နေ့မှ ၂၇ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့တွင် အနိုင်နိုင်ငံ လွှတ်တော်သမဂ္ဂ ၁၃၅ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ကြောင်း၊ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဌ Yan Junqiသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရပါသည်။
ယင်းညီလာခံကို ကျင်းပစဉ်အတွင်း အိန္ဒိယလွှတ်တော်သည် BRICS နိုင်ငံများ လွှတ်တော်ဖိုရမ်ကို ဦးစီးကျင်းပခဲ့ကြောင်း၊ Yan Junqiသည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြောင်းလည်း၊ သိရပါသည်။