အမြန်လမ်းမကြီး ရန်ကုန်-မန္တလေးမိုင်တိုင်(၅၈/၀)နှင့် (၅၈/၁) အကြား၌ ခရီးသည်တင် မှန်

2016-10-31 11:50:54 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် 

အမြန်လမ်းမကြီး ရန်ကုန်-မန္တလေးမိုင်တိုင်(၅၈/၀)နှင့် (၅၈/၁) အကြား၌ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသည့် 2G/-- ကား(ပြာ/ခဲရောင်) နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကတ်တုံးများအား ဝင်ရောက်တိုက်မိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

လမ်းဘက်ခြမ်း ယာဘက်တံတား လက်ရမ်းတန်းအား တိုက်မိကာ လက်ရမ်းတန်းပေါ်တွင်ရပ်တန့်ခဲ့ကြောင်း သိရသည်။ ယာဉ်ပေါ်ပါရှိသူ ဦးသုမန ရွှေစည်းခုံတောရကျောင်းတိုက် ပဒေသာမြို့သစ် နှင့် ပြင်ဦးလွင်နေသူတစ်ဦး ဒဏ်ရာများ ရရှိသွားကြောင်း  ၊ ယာဉ်မောင်းအား အမြန်လမ်းမကြီး ဘောနီ ရဲစခန်းကယာဉ် (ပ)၃၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အရေးယူဆောင်ရွက် ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)