မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရန် AIIBရှာကြ

2016-10-31 15:34:26 |သတင်းအရင်းအမြစ် 国际在线

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ ကျင်းလိချွင်သည် ၂၅ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် AIIBသည် မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရန် ရှာကြံနေကြောင်း၊ မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ယုံကြည်စိတ်ရှိကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ကျင်းလိချွင်က မြန်မာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူလူထု နေထိုင်မှုဘ၀ တိုးတက်မှုအတွက် AIIB အားပေးကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးသည် မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ချုပ်ခြယ်သော အကြောင်းရပ်တစ်ရပ်ပင်ဖြစ်ကြောင်း၊ AIIBသည် နိုင်ငံတကာငွေကြေးကုမ္ပဏီများ၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့်အတူ မြင်းခြံ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စီမံကိန်းအတွက် ချီးငွေထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျင်းလိချွင်က တရုတ်နိုင်ငံ တင်ပြသော ပိုးလမ်းမကြီး စီမံကိန်းသည် သက်ညာထောက်ထားမှုပါသည့် စီမံကိန်းကြီ်း ဖြစ်ပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ စီးပွားရေး တစ်ပြေးညီဖြစ်ရေးကို တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာ ဆက်တိုက်ဖွံ့ဖြိုးပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသော ဒေသခံပြည်သူလူထုများ လက်ခံ ကြိုဆိုသည့် ပိုးလမ်းမကြီးစီမံကိန်းကို AIIB ထောက်ပံ့ကြောင်းလည်း ပြောကြားသည်ဟု သတင်းအရသိရသည်။