ဗီယက်နမ်၌ တရုတ်ရေတပ် စောင့်ကြပ်သင်္ဘောစု ကုန်းပတ်ဧည့်ခံပွဲ ကျင်းပ

2016-10-31 15:47:50 |သတင်းအရင်းအမြစ် 国际在线

ဗီယက်နမ် နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် ရေတပ် ၂၃သုတ် မြောက် စောင့်ကြပ်သင်္ဘောစုသည် ၊ "ဂျိုးဆန်း"သင်္ဘောပေါ် ကုန်းပတ်ဧည့်ခံပွဲ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

     စောင့်ကြပ်သင်္ဘောစုမှ တပ်မှူး ဝမ်ဟုန်လီက၊ ယင်းသည်၊ တရုတ်ရေတပ်သင်္ဘော၏ ပထမဆုံးအကြိမ် ဗီယက်နမ် Cam Ranh -ပင်လယ်ကွေ့ ခရီးစဉ်ဖြစ်ပြီး၊ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေးဆက်ဆံမှု အဆက်မပြတ်နက်ရှိုင်းလာခြင်းကို ပြဆိုနေကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

    တရုတ် ရေတပ် ၂၃သုတ် မြောက် စောင့်ကြပ်သင်္ဘောစုသည်၊ ၂၂ ရက်နေ့က ဗီယက်နမ် အလယ်ပိုင်း Khanh Hoa ပြည်နယ် Cam Ranh-ဆိပ်ကမ်းသို့ ရောက်ရှိပြီး၊ ၅ ရက်ကြာခရီးလှည့်လည်ပြီးနောက်၊ ၂၆ ရက်နေ့က တရုတ်ပြည်သို့ ပြန်လည်ထွက်ခွါခဲ့သည် ဟု သတင်းအရသိရသည်။