မဟာမဲခေါင်မြစ် ဒေသငယ် ထိပ်သီးအစည်းအဝေး ကျင်းပ

2016-10-31 15:49:01 |သတင်းအရင်းအမြစ် 国际在线

သတ္တမ အကြိမ်မြောက် ဧရာဝတီ- ချော်ဖရေယာ-မဲခေါင်မြစ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ မူဘောင် ထိပ်သီးအစည်းအဝေးနှင့် အဌမ အကြိမ်မြောက် ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ၂၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဗီယက်နမ် ဝန်ကြီးချုပ် နွမ်ရွှမ်ဖူ၊ ကမ္ဘာဒီးယား ဝန်ကြီးချုပ် ဟုန်စင်၊ မြန်မာ သမ္မတ ဦးထင်ကျော်၊ လာအို ဝန်ကြီးချုပ် သွန်လွန်၊ အာဆီယံ အတွင်းရေးမှူးချုပ် လီလွန်မင်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များသည် သတ္တမ အကြိမ်မြောက် ဧရာဝတီ- ချော်ဖရေယာ-မဲခေါင်မြစ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ မူဘောင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ အစည်းအဝေးတွင် မဟာမဲခေါင်မြစ် ဒေသငယ် ရှင်သန်မှုနှင့် စည်ပင်သာယာမှု ဖေါ်ဆောင်စေရန် အစွမ်းကုန် ကြိုးပမ်းရေး ဟနွိင် ကြေညာချက်ကို အတည်ပြုခဲ့ကြောင်း သိရပါသည်။

အဌမ အကြိမ်မြောက် ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အခွင့်အလမ်းများကို ထိထိမိမိ အသုံးချပြီး အနာဂတ်ရေးကို စီမံရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။