စက်ဘာလအတွင်း တရုတ် စက်မှုလုပ်ငန်း အမြတ်အစွန်း တိုးနှုန်း ကျဆင်း

2016-10-31 15:50:20 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ၂၇ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ပထမ ၉ လအတွင်း တရုတ်ပြည် အတိုင်းအတာ အသင့်အတင့်ကြီးမားသော စက်မှု လုပ်ငန်းကုမ္ပဏီများ၏ အမြတ်အစွန်း ပမာဏမှာ ယွမ်ငွေ ၄၆၃၈ ဘီလီယံကျော် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၈့ ၎ ရာခိုင်နှုန်း တိုးများလာကြောင်း၊ စက်တင်ဘာလအတွင်း စက်မှုလုပ်ငန်းများ၏ အမြတ်အစွန်းမှာ ယွမ် ၅၇၇့ ၁ ဘီလီယံ ရှိပြီး တိုးတက်နှုန်းမှာ ၇့ ၇ ရာခိုင်နှုန်း ဖြစ်ကာ သြဂုတ်လကထက် ၁၁့ ၈ ရာခိုင်နှုန်း ကျဆင်း လာကြောင်း၊ ကျွမ်းကျင်ပညာရှင်များက ကုန်ထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရေးသည် သော့ချက်ကျနည်းလမ်း ဖြစ်သည်ဟု သုံးသပ်ကြကြောင်း သတင်းရရှိပါသည်။