တရုတ် သံမဏိနှင့် ကျောက်မီးသွေး လွန်ကဲစွာ ထုတ်လုပ်မှု လျှော့ချနေ

2016-10-31 15:51:36 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုအတွင်းရေးမှူးချုပ် ရွှီခွင်လင်က၊ စက်တင်ဘာလ လကုန် အထိ တရုတ်ပြည် သံမဏိနှင့် ကျောက်မီးသွေး လွန်ကဲစွာ ထုတ်လုပ်မှု လျှော့ချမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ အချို့ ဒေသနှင့် ဗဟို လုပ်ငန်းကုမ္ပဏီများသည် တစ်နှစ်တာလုံး တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီ ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ၂၀၁၆ ခုနှစ် တစ်နှစ်တာလုံး လွန်ကဲစွာ ကုန်ထုတ်လုပ်မှု လျှော့ချရေး တာဝန်များကို လျာထားချိန်ထက်စောပြီး ပြီးအောင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းရကြောင်း ၂၅ ရက်နေ့က ပြောကြားခဲ့သည်။