လမ်ဆမ်မြစ်-မဲခေါင်မြစ် နိုင်ငံများ ခရီးသွားမြို့ဖိုရမ် ဖွင့်လှစ်

2016-10-31 15:54:54 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ ခုနှစ် လမ်ဆမ်မြစ်- မဲခေါင်မြစ် နိုင်ငံများ ခရီးသွားမြို့များ ဖိုရမ်ကို ၂၇ ရက်နေ့က တရုတ်ပြည် စမ်းယာ့မြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် မြို့ ၁၆ မြို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင် စုစုပေါင်း လူ ၁၄၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ကြကြောင်း၊ ယင်းဖိုရမ်တွင် ၂၀၁၆ ခုနှစ် လမ်ဆမ်မြစ်- မဲခေါင်မြစ် နိုင်ငံများ ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။