တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် စုံညီ အစည်းအဝေး ရုပ်သိမ

2016-10-31 15:56:23 |သတင်းအရင်းအမြစ် 国际在线

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့သည်။ ယခုအကြိမ် အစည်းအဝေးတွင် အခြေအနေသစ်တွင် ကွန်မြူနစ်ပါတီ နိုင်ငံရေးအစီအစဉ်များဆိုင်ရာ မူများ၊ ကွန်မြူနစ်ပါတီအတွင်းပိုင်း ကျပ်မတ်ရေး စည်းမျဉ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့သည်။

အစည်းအဝေးတွင်၊ နိုင်ငံရေး သန့်စင်မှုကို ထူထောင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့သည် ပါတီ အတွင်းပိုင်း နိုင်ငံရေး အစီအစဉ်ကို စနစ်တကျ ဖြစ်စေရေး ဆိုင်ရာ အရေးကြီး လုပ်ငန်းတာဝန် တစ်ရပ်ပင် ဖြစ်ကြောင်း တင်ပြထားသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် ပီကင်း၌ ကျင်းပရန်လည်း ဆုံးဖြတ်သည်။