တရုတ်-ဖိလစ်ပိုင် တပ်မတော် ဆက်ဆံမှုအကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောဆိုဆို

2016-10-31 16:08:51 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်သည် ၂၇ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်-ဖိလစ်ပိုင် တပ်မတော်အကြား ဆက်ဆံမှုနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝူချန်က၊ တရုတ်-ဖိလစ်ပိုင် တပ်မတော်အကြား ဆက်ဆံမှု ပုံမှန် တိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီရုံသာမက ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှုအတွက်လည်း အကျိုးရှိကြောင်း၊ နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုသည် အခက်အခဲ များစွာကို ကြုံခဲ့သော်လည်း သာယာ ကောင်းမွန်နိုင်ရန် မိမိတို့ စောင့်မျှော် ပါကြောင်း ပြောကြားသည်။