မလေးရှားဝန်ကြီးချုပ် တရုတ်သို့ ခရီးလှည့်လည်မည်

2016-10-31 16:11:36 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၏ဖိတ်ကြားချက်အရ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်သည် အောက်တိုဘာလ ၃၁ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အထိ တရုတ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည်ဟု၊  တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက ၂၇ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်-မလေးရှား ဆက်ဆံရေးနှင့် အတူအာရုံစိုက်ကြ သော ပြဿနာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြမည့်အပြင်၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုပွဲသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ သိရပါသည်။