တရုတ်-ရုရှားဆက်ဆံမ ရုရှားဆိုင်ရာ တရုတ်သံအမတ်ကြီးပြောကြား

2016-10-31 17:23:02 |သတင်းအရင်းအမြစ် 国际在线

ရုရှားနိုင်ငံဝန်ကြီးချုပ် Medvedev ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ရုရှားနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည့်အပြင်၊ St.Petersburg ၌ ကျင်းပမည့် တရုတ်-ရုရှားဝန်ကြီးချုပ်တို့၏ ၂၁ ကြိမ်မြောက်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

တရုတ်-ရုရှားဆက်ဆံမှုနှင့် စပ်လျဉ်း၍၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဟွေက လက်ရှိတရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုမှာ ရင့်ကျက်တည်ငြိမ်ပြီး၊ နိုင်ငံကြီးအကြားဆက်ဆံမှု၏စံပြဖြစ်ကြောင်း မကြာမီက သတင်းထောက်အား ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။