တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပ

2016-10-31 17:29:26 |သတင်းအရင်းအမြစ် 国际在线

၂၉ရက်နေ့က ၁၁ကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ဂျပန် နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီး ကောဟူချင်၊ တောင်ကိုးရီးယား စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဂျူဟွန်ဟွမ်၊ ဂျပန် စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဟီရိုရှီဂေ စယ်ကိုတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် ၃နိုင်ငံတို့က ဒေသတွင်း စီးပွားရေး တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် တစ်ဆင့်တိုး တွန်းအားပေးပြီး ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လက်တွဲ ရင်ဆိုရန် တညီတညွတ်တည်း သဘောတူကြကြောင်း သိရသည်။

အစည်းအဝေး အပြီး ဝန်ကြီး၃ဦးတို့သည် ၁၁ကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုး ရီးယား စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲ သတင်းကြေညာချက်ကို အတူ ထုတ်ပြန်ခဲ့ကြသည်။