မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် တရုတ်ပြည်သို့ ခရီးလှည့်လည်

2016-10-31 17:32:39 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်က၊ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆင့်မြင့် စစ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး  အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ၂၇ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းအတောအတွင်း မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတော်နှင့် တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံမှု၊ နိုင်ငံတကာနှင့်ဒေသအခြေအနေ စသည့်ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်ရာ စစ်ရေးဌာနများသို့လည်း လည်ပတ် ကြည့်ရှုမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။