MPT မှ မြို့နယ်တချို့တွင် ခေတ်မီအိတ်ချိန်းပြောင်းမည်

2016-11-01 10:08:29 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) 

Myanmar Post and Telecommunication (MPT) အနေဖြင့် ကျိုက်ထိုမြို့နယ် ကျိုက်ထိုအိတ်ချိန်း၊ မန္တလေးတိုင်း မလှိုင်မြို့နယ် မလှိုင်အိတ်ချိန်း နှင့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် အိတ်ချိန်းများတွင် ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်သဖြင့် အော်တို တယ်လီဖုန်းနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်သည်။

အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၇ခုနှစ် ဇွန်လအကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)