တရုတ်-မြန်မာ ချစ်ကြည်ရေးသစ်တော ဟေဟစနစ် လုပ်ငန်းစဉ် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်နှင့် မြန်မာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းတို့သည် အခမ်းအနားသို့ တက်ရောက်ပြီး ချစ်ကြည်ရေးသစ်ပင်ကို အတူ စိုက်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
သံအမတ်ကြီး ဟုန်လျန့်က၊ တရုတ်သံရုံးသည် ပထမအဆင့်ကာလတွင် မြန်မာ ကျပ်ငွေ သန်း ၅၀၀ ကိုထုတ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးသစ်တော စိုက်ရန် စီစဉ် ထားကြောင်း၊ သစ်ပင် အပင် ၄ သောင်း ၂၀၀၀ ခန့် စိုက်ပျိုးမည် ဖြစ်ပြီး အကျယ်အဝန်း ဧက ၁၂၀ ခန့်ရှိကာ ၂၀၁၇ ခုနှစ်တွင် ပြီးမြောက်မည်ဟု ခန့်မှန်းရကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မြန်မာ နိုင်ငံတော် ဂေဟစနစ် လုံခြုံမှုနှင့် ဆက်တိုက် ဖွံ့ဖြိုးမှုအတွက် ပြည့်စုံသော သစ်တော အရင်းအမြစ်များကို သိုလှောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။
ဝန်ကြီး ဦးအုန်းဝင်းသည် လွန်ခဲ့သည့်နှစ်များက ဇီဝမျိုးစုံတည်ရှိမှု ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စံနမူနာကောင်းများကို နောက်ကြောင်းပြန်၍ နှစ်ဖက်တို့သည် ပိုမိုများပြားသော ဇီဝမျိုးစုံ တည်ရှိမှု ထိန်းသိမ်းရေးနှင့် သုတေသနပြုရေး လုပ်ငန်းစဉ်များကို ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။