ဒေသစံတော်ချိန် ၃၁ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်သည် မြန်မာ အစိုးရ ကိုယ်စားလှယ်နှင့် ရန်ကုန်မြို့၌ ကလေးသုံး ဘီ-မျိုး အသဲရောင် ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ဟုန်လျန့်က၊ တရုတ်အစိုးရသည် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအား ကျပ်ငွေ ၆့ ၇ ဘီလီယံ တန်ဖိုးရှိ ကလေးသုံး ဘီ-မျိုး အသဲရောင် ကာကွယ်ဆေးများကို ထောက်ပံ့ရန် ကတိပြုခဲ့ကြောင်း ပြောကြားသည်။
မြန်မာ ကျန်းမာရေးနှင့် အာကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် မြန်မာ အစိုးရ ကိုယ်စား လွှဲပြောင်းပေးအပ်ရေး စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။