အိန္ဒိယသမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာနိုင်ငံ ဒုတိယ သမ္မတထံ လာရောက် တွေ့ ဆုံ

2016-11-02 10:08:01 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) 

အိန္ဒိယ သမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေအား ယနေ့ ညနေပိုင်းတွင် လာရောက် တွေ့ ဆုံ ဂါရ၀ ပြုခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား အစဉ်အဆက်တည်ရှိခဲ့သည့် ယဉ်ကျေးမှုဆက်ဆံရေး၊ ပြည်သူများ အချင်းချင်း အကြား ဆက်ဆံရေး စသည်တို့ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံ တပ်မတော်များ အကြား ချစ်ကြည် ရင်းနှီးမှု၊ ကူးလူး ဆက်ဆံမှု မြှင့်တင်ရေး၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ အိန္ဒိယခရီးစဉ်အတွင်း သဘော တူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက် ရေး၊ နယ်မြေချင်း၊ ရေမြေချင်း ထိစပ်နေသည့်အတွက် တည်ငြိမ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ပြင် လုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ စွမ်းရည် မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် သိပ္ပံနည်းပညာ ကဏ္ဍ များတွင် ထောက်ပံ့ ကူညီမှုများ မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ တိုးမြှင့် သွားရောက်နိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် Admiral Sunil Lanba, PVSM, AVSM, ADC နှင့် အတူ အိန္ဒိယ ရေတပ် စည်းကမ်းထိန်းသိမ်းရေး ညွှန်ကြားရေးမှူး Cmde. Jaswinder Singh, Capt. Srinivas Maddula, Cdr. Charit Kapil, အိန္ဒိယ သံရုံးမှ စစ်သံမှူး Capt. Manmeet Singh Khurana, Mr. Shri B Shyam နှင့် Col. Naveen Mahajan တို့  လိုက်ပါ တွေ့ ဆုံခဲ့ကြပြီး ထိုတွေ့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်တင်၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဒုတိယ သမ္မတ(၁) ဦးစီးရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ကျော်ဟန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး တို့  တက်ရောက်ခဲ့ကြသည်။ (Xinhua)