တရုတ် ပထမဆုံး နျူကလီးယား လုံခြုံမှုဥပဒေ မူကြမ်းကို တင်သွင်း

2016-11-02 10:10:12 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံ ပထမဆုံး နျူကလီးယား လုံခြုံမှု ဥပဒေမူကြမ်းကို ၃၁ ရက်နေ့က တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ စိစစ်ရန် တရားဝင် တင်သွင်း ခဲ့ကြောင်း၊ စနစ်အရ နျူကလီးယား လုံခြုံမှုဆိုင်ရာ ဥပဒေများ ကောင်းမွန် ပြည့်စုံစေရန်နှင့် နျူကလီးယား လုံခြုံမှု ကြပ်မတ်ရေးလုပ်ငန်းကို အားဖြည့်ရန် ရည်ရွယ်ထားကြောင်း သတင်း ရရှိပါသည်။

ယင်း နျူကလီးယားလုံခြုံမှုဥပဒေ မူကြမ်းတွင် နျူကလီးယား အဆောက်အအုံ၊ နျူကလီးယား ကုန်ထည်ပစ္စည်း လုံခြုံမှု၊ နျူကလီးယား အမှုအခင်း အရေးပေါ် ပြင်ဆင်ရေးနှင့် တုံ့ပြန်ဖြေရှင်းရေး၊ သတင်းအချက်အလက်များ ပွင့်လင်းရေးနှင့် ကြပ်မတ် စစ်ဆေးရေး စသည့်အကြောင်းများ ပါဝင်ကြောင်း သိရပါသည်။