တရုတ်-အာဆီယံတက္ကသိုလ် တတ်သိပညာရှင်များအဖွဲ့သမဂ္ဂသည်၊ ယမန်နေ့ ၃၁ ရက်နေ့က တရုတ်ကွမ်ရှီးတက္ကသိုလ်၌ တည်ထောင်ရေးအခမ်းအနား ကျင်းပခဲ့ရာ၊ ကွမ်ရှီး တက္ကသိုလ်၊ ရှမင်တက္ကသိုလ်၊ ကွေ့ကျိုးတက္ကသိုလ်၊ ယူနန်တက္ကသိုလ်အပါအဝင်တက္ကသိုလ် မှ ဧည့်သည်တော် များနှင့် အာဆီယံနိုင်ငံ တက္ကသိုလ်များမှ ကိုယ်စားလှယ် ၈၀ တို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
ယင်းတည်ထောင်ပွဲအခမ်းအနားတွင်၊ (တရုတ်-အာဆီယံတက္ကသိုလ် တတ်သိ ပညာရှင်များအဖွဲ့ သမဂ္ဂ ကမ်းလှမ်းချက်)ကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။