ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Fang Fenghui တွေ့ဆုံနှုတ်ဆက်

2016-11-02 10:14:00 |သတင်းအရင်းအမြစ် 国际在线

တရုတ်ဗဟိုစစ်ရေးကော်မရှင် ပူးတွဲစစ်ဦးစီးချုပ် Fang Fenghui သည် အောက်တိုဘာ ၃၁ရက်နေ့ ညနေပိုင်းက ပီကင်းမြို့ Ba Yi တပ်မတော်အဆောက်အအုံ၌ မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဥက္ကဌ ရှီကျင့်ဖိန်သည် တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို ဖွံ့ဖြိုးရေးအဆင့်ကာလသို့ ဝင်ရောက်ရန် ကိုယ်တိုင် တွန်းအားပေးနေကြောင်း၊ တရုတ်တပ်မတော်သည် မြန်မာတပ်မတော်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များရရှိကြသော အရေးကြီး သဘောတူညီမှုများကို တိတိကျကျ လက်တွေ့ ဖော်ဆောင်လိုပြီး ကေဒါခေါင်းဆောင်များ ကူးလူးဖလှယ်ရေး၊ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရေး၊ ဘေးဒဏ် ကယ်ဆယ်ရေး၊ လက်နက်ပစ္စည်းတပ်ဆင်ရေး နည်းပညာ၊ တပ်မှူးတပ်သား လေ့ကျင့်ပျိုးထောင်ပေးရေး၊ နယ်စပ်ဒေသ စီမံထိန်းချုပ်ရေး စသော နယ်ပယ်များတွင် နှစ်နိုင်ငံ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုများကို တဆင့်တိုး နက်ရှိုင်းစေကာ ဘက်စုံ လုံခြုံရေး မူဘောင်အောက်အတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တိုးပွားစေလိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှုရော တပ်မတော်နှစ်ခုဆက်ဆံမှုပါ ဖွံဖြိုးတိုးတက်ရန်နှင့် ဒေသတွင်းအေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းရန် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Fang Fenghui က ပြောကြားခဲ့ပါသည်။

တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို မြန်မာနိုင်ငံ ပြတ်သားစွာ စွဲကိုင်ပြီး တောင်ပင်လယ်ပြဿနာအပေါ် တရုတ်၏ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ မြန်မာ တပ်မတော်သည် တရုတ်တပ်မတော်နှင့် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်လိုပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးကို အဆက်မပြတ် ခိုင်မာ၍ နက်ရှိုင်းစေလိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။