အလတ်စားနှင့် အသေးစား ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေ တရုတ် ပြင်ဆင်မည်

2016-11-02 10:15:22 |သတင်းအရင်းအမြစ် 国际在线

ကြာရှည်သော ကာလအတွင်း ငွေရင်းစွဲဆောင်ရန် ခက်ခဲခြင်းနှင့် အသုံးစရိတ် များခြင်း၊ သက်ဆိုင်ရာများမှ တရားမဝင် စရိတ်ကျခံစေခြင်း၊ ဈေးကွက် ယှဉ်ပြိုင်မှုတွင် အားနည်းခြင်း အပါအဝင် ပြဿနာများသည် တရုတ် အလတ်စားနှင့် အသေးစား ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် ကန့်သတ်ချက်များ ဖြစ်ကြောင်း၊ အလတ်စားနှင့် အသေးစား ကုမ္ပဏီများ ရင်ဆိုင်နေရသော အခက်အခဲများကို စနစ်အရ အရင်းအမြစ် မှနေ ဖြေရှင်းရန် အတွက် အောက်တိုဘာ ၃၁ရက်နေ့ နံနက်ပိုင်းက တရုတ် ပြည်သူ့ ကွန်ဂရက် ပြည်လုံးဆိုင်ရာ ကော်မတီသည် အလတ်စားနှင့် အသေးစား ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို စတင် စိစစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အလတ်စားနှင့် အသေးစား ကုမ္ပဏီများသည် တရုတ် ကုမ္ပဏီများတွင် အရေအတွက် နှင့်ဆန်းသစ်တီထွင်ရေး ရှင်သန်မှု အများဆုံး ကုမ္ပဏီများ ဖြစ်ပြီး အရေအတွက်သည် ကုမ္ပဏီ စုစုပေါင်း အရေအတွက်၏ ၉၉ရာခိုင်နှုန်းကျော်ရှိကာ အခွန်ဆောင်မှု ပမာဏသည် တရုတ် အခွန်ဆောင်မှု စုစုပေါင်း ပမာဏ၏ တစ်ဝက်ကျော် ရှိကာ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၆၀ကျော် ရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

၎င်းဥပဒေပြင်ဆင်ရေးမူကြမ်းတွင် တစ်ခုတည်းသော ဈေးကွက် ဝင်ရောက်ခြင်းနှင့် ဈေးကွက် စီမံကွပ်ကဲရေး စနစ်ကို ကျင့်သုံးမည်ဟု သတ်မှတ်ကြောင်း၊ ထို့အပြင်၊ ဒေသ အသီးသီးမှ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖျက်သိမ်းပြီး လက်ဝါး ကြီးအုပ်မှုနှင့် တရားမဝင် ယှဉ်ပြိုင်မှုများကို ဥပဒေအရ အရေးယူကာ ကုမ္ပဏီများ အကြား အခွင့်အရေး တန်းတူညီမျှမှု၊ အခွင့်အလမ်း တန်းတူညီမျှမှုနှင့် စည်ကမ်းသတ်မှတ်ချက် လိုက်နာဆောင်ရွက်ရေး တန်းတူညီမျှမှုကို အကောင်အထည်ဖော်၍ အလတ်စားနှင့် အသေးစား ကုမ္ပဏီများ အတွက် တရားမျှတစွာ ယှဉ်ပြိုင်မှုရှိသော ဈေးကွက် အခြေအနေ ကို ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။