ယန်ကျေချီက ကန်နှင့် လုပ်ငန်းတွေ့ဆုံပွဲ ကျင်းပ

2016-11-03 10:56:24 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ရက်နေ့က အမေရိကန် နယူးယောက်မြို့တွင် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျေချီသည် အမေရိကန်သမ္မတ၏ နိုင်ငံတော် လုံခြုံရေးရာ လက်ထောက် ရိုက်စ်၊ နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီတို့နှင့် လုပ်ငန်းတွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ် ဟောင်ကျိုးမြို့တွင် ဥက္ကဌ ရှီကျင့်ဖိန်နှင့် သမ္မတ အိုဘားမား၏ တွေ့ဆုံပွဲ၌ ရရှိသောအရေးကြီး သဘောတူညီမှုများကို ဖော်ဆောင်ခြင်း၊ တရုတ်-အမေရိကန် ဆက်ဆံမှု၊ အတူအာရုံစိုက်ကြသော အခြား ပြဿနာများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်တို့ သည် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ထိပ်သီးခေါင်းဆောင်များအကြားရော အဆင့်ဆင့်အကြားပါ ကူးလူးဖလှယ်မှုကို ဆက်လက် ဆောင်ရွက်ရန်၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ သဘောကွဲလွဲမှုများကို ကောင်းမွန်သင့်လျော်စွာ စီမံထိန်းချုပ်ရန် နှစ်နိုင်ငံဆက်ဆံမှု ဆက်တိုက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးနိုင်ရန် နှစ်ဖက်တို့သည် သဘောတူကြကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။