လီခေ့ချန်သည် ဂီရ်ကစ္စတန်၊ ကာဇက်စတန်၊ လက်သွေးဗီးယားနှင့် ရုရှားသို့ ခရီးလှည့်လည်မည

2016-11-03 10:59:47 |သတင်းအရင်းအမြစ် 国际在线

ဂီရ်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် ဇိန်ပေကော့ဗှ်၊ ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် စာဂင်တာယဲ့ဗှ်၊ လက်သွေးဗီးယားနိုင်ငံ ဝန်ကြီးချုပ် ကူဇင်စကီစ်နှင့် ရုရှား ဝန်ကြီးချုပ် မေဒ်ဗေဒယ့်ဗှ်တို့၏ ဖိတ်ကြားချက်အရ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဂီရ်ကစ္စတန်၌ တရားဝင်ခရီးလှည့်လည်ရန်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရ အကြီးအကဲများကောင်စီ ၁၅ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန်၎င်း၊ ကာဇက်စတန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန်နှင့် တရုတ်-ကာဇက်စတန် တတိယ အကြိမ် ဝန်ကြီးချုပ်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်၎င်း၊ လက်သွေးဗီးယား နိုင်ငံ၌ တရားဝင်ခရီးလှည့်လည်ရန်နှင့် ပဉ္စမ အကြိမ် တရုတ်-အရှေ့အလယ်ဥရောပ နိုင်ငံတော်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်၎င်း၊ ရုရှားနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန်နှင့် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ၂၁ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန်၎င်း ၂ ရက်နေ့ နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် ပီကင်းမှ ထွက်ခွါသွားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။