ပါရီ ရာသီဥတု သဘောတူစာချုပ်ကို တရုတ် တက်ကြွစွာ အကောင်အထည်ဖေါ်ဆောင်

2016-11-03 11:04:05 |သတင်းအရင်းအမြစ် 国际在线

တရုတ် ရာသီဥတု ပြောင်းလဲမှုရေးရာ အထူး ကိုယ်စားလှယ် ရှယ့်ကျင့်ဟွာက၊ တရုတ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး လုပ်ငန်းတွင် အရေးကြီး တိုးတက်မှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၁၂ ခုမြောက် ငါးနှစ်စီမံကိန်းပါ ရည်မှန်းချက်များကို လျာထားချိန်ထက်စောပြီး ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း ၁ ရက်နေ့က ပီကင်း၌ ပြောကြားသည်။

မော်ရိုကိုနိုင်ငံ၌ ကျင်းပတော့မည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အထွေထွေ သဘောတူစာချုပ် ၂၂ အကြိမ် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေးနှင့် ပတ်သက်ပြီး ရှယ့်ကျင့်ဟွာက၊ ယခုအကြိမ် အစည်းအဝေးတွင် ပါရီ သဘောတူစာချုပ်ပါ အသေးစိတ် ဆောင်ရွက်မှုများကို တဆင့်တိုး အကောင်အထည်ဖေါ်ဆောင်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး မူဝါဒနှင့် ဆောင်ရွက်မှု ၂၀၁၆ ခုနှစ် အစီရင်ခံစာကို ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။ ရှယ့်ကျင့်ဟွာက၊ တရုတ်ပြည် ၁၂ ခုမြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း ကာဗွန်ဓါတ်ငွေ့ ပမာဏမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းလာပြီး လျာထားသည့် ၁၇ ရာခိုင်နှုန်း ကျဆင်းရန် ရည်မှန်းချက်ထက် ပိုများကြောင်း၊ စွမ်းအင်ဖွဲ့စည်းပုံ တဆင့်တိုး ကောင်းမွန် လာပြီး ၂၀၁၅ ခုနှစ်တွင် ကျောက်ဖြစ်ရုပ်သွင်း မဟုတ်သောစွမ်းအင် ပမာဏသည် စွမ်းအင် အသုံးပြုမှု စုစုပေါင်း ပမာဏ၏ ၁၂ ရာခိုင်နှုန်း ဖြစ်ကာ လျာထားသည့် ၁၁့ ၎ ရာခိုင်နှုန်း ဖြစ်သည့် ရည်မှန်းချက်ထက် ပိုမြင့်ပါကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အထွေထွေ သဘောတူစာချုပ် ၂၂ အကြိမ် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေးကို ယခုလ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မော်ရိုကို နိုင်ငံ၌ ကျင်းပမည်ဟု သတင်းရရှိပါသည်။