တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း၌ တရုတ် ကိုမင်တန်ပါတီ ဥက္ကဋ္ဌ ဟုန်ရှုကျုနှင့် တွေ့ဆုံ ခဲ့ကြောင်း၊ ယင်းသည် ဟုန်ရှုကျုက ကိုမင်တန်ပါတီ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင် ခဲ့ပြီးနောက် ပထမ အကြိမ် ပြည်မကြီး ခရီးစဉ် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ကိုမင်တန်ပါတီတို့သည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်ရေး မှန်ကန်သော ဦးတည်ချက်ကို ထိထိမိမိ စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ၁၉၉၂ ခုနှစ် သဘောတူစာချုပ် နိုင်ငံရေး အခြေခံကို ခိုင်မြဲစေကာ ထိုင်ဝမ် သီးခြားတည်ရှိရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် တွန်းအားပေးရမည် ဖြစ်ပြီး တရုတ် အမျိုးသား ပြန်လည် ရှင်သန်မှု မွန်မြတ်သောလုပ်ငန်းအတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။