ရွှီချီလျန့်သည်၊ မြန်မာတပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့် တွေ့ဆုံ

2016-11-03 11:12:35 |သတင်းအရင်းအမြစ် 国际在线

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဒု ဥက္ကဋ္ဌ ရွှီချီလျန့်သည်၊ ၁ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသော မြန်မာတပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရ သည်။

ရွှီချီလျန့်က၊ တရုတ်နှင့်မြန်မာတို့သည်၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိသည့် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ မြန်မာအနေနှင့်၊ အမျိုးသား ကျေအေးရေးဖြစ်စဉ် ကို ဆက်လက်တွန်းအားပေးပြီး၊ သွေးစည်းညီညွတ်ပြီး စည်ပင်သာယာသော ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တက်လှမ်းရန် တရုတ်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှီချီလျန်က၊ တရုတ်ပြည်သည်၊ မြန်မာနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းပြီး၊ နှစ်နိုင်ငံခေါင်းဆောင်တို့ရရှိခဲ့သော အရေးကြီးသဘောတူညီမှုများ ကို ဘက်စုံလက်တွေ့ ဖော်ဆောင်ပြီး၊ နှစ်နိုင်ငံတပ်မတော်အကြားလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်နက်ရှိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၊ မြန်မာနှင့်တရုတ်တို့သည်၊ ညီရင်းအစ်ကိုပမာ သံယောဇဉ်ရှိကြောင်း၊ မြန်မာအနေနှင့်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးထားပြီး၊ နှစ်ဖက်တပ်မတော်အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နှင့်အတူ အဆက်မပြတ်နက်ရှိုင်းစေ လိုကြောင်းပြောကြားခဲ့သည်။