ဥပဒေကျင့်သုံးရေးနှင့်ကာကွယ်ရေးနယ်ပယ်၌ တရုတ်နှင့် မလေးရှားအားဖြည့်ပူးပေါင်းမည် ဟု

2016-11-03 11:14:41 |သတင်းအရင်းအမြစ် 国际在线

 တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်သည်၊ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ၊ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်လျက်ရှိကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယမန်နေ့ ၁ ရက်နေ့က ဝန်ကြီးချုပ်လီခေ့ချန်နှင့် ဝန်ကြီးချုပ် နာဂျစ်ဘ်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌၊ တရုတ်နိုင်ငံခြားရေး ဒု ဝန်ကြီး လျူကျင့်မင်က၊ ဝန်ကြီးချုပ် နာဂျစ်ဘ်၏ ယခုအကြိမ်တရုတ်ခရီးစဉ်တွင်၊ အောင်မြင်မှုများ စွာ ရရှိကြောင်း၊ ၂ နိုင်ငံတို့သည်၊ ၂ ဖက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၄ ရပ်ကို ချုပ်ဆို ခဲ့ပြီး၊ ဥပဒေကျင့်သုံးရေးနှင့်ကာကွယ်ရေးနယ်ပယ်၌ တစ်ဆင့်တက်အားဖြည့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။