တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုရှင်ခွန်သည်၊ ၂ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသော မြန်မာတပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရ သည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ကိုရှင်ခွန်က၊ နှစ်ဖက်တို့အနေနှင့် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင်တို့အတူချမှတ်ခဲ့သော မဟာဗျူဟာစီမံကိန်း အတိုင်း၊ အစဉ်အလာချစ်ကြည်ရေးကို ဆက်ခံရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ြ့ပုလုပ်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသနှင့် မဲခေါင်မြစ်ဝှမ်းဒေသများ၏ လုံခြုံတည်ငြိမ်မှုကို အတူတကွထိန်းသိမ်း ကာကွယ်ရန်နှင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံမှု အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
မင်းအောင်လှိုင်က၊ မြန်မာအနေနှင့်၊ တရုတ်ပြည်နှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့်၊ နှစ်နိုင်ငံဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။