တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယဉ်က၊ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၏ တရုတ်ပြည်ခရီးစဉ်သည်၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု တမူဆန်းသစ်သော ဖွံ့ဖြိုးရေးအဆင့်ကာလတွင် ဝင်ရောက်နေခြင်းကို ဖော်ပြနေကြောင်း ၂ ရက်နေ့က ပီကင်းတွင် ကျင်းပသောပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့ သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
ဟွာချွန်းယဉ်က၊ နှစ်ဖက်တို့၏ လက်တွဲကြိုးပမ်းမှုဖြင့်၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု သည်၊ပိုမိုကောင်းမွန်သောရှေ့အလားအလာရှိမည်ဟုယုံကြည် ပါကြောင်းပြောကြားခဲ့သည်။