နိုင်ငံတကာ စွမ်းအင် သုံးစွဲမှု ပြောင်းလဲရေး ဖိုရမ် ကျင်းပ

2016-11-04 11:14:47 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် နိုင်ငံတကာ စွမ်းအင် သုံးစွဲမှု ပြောင်းလဲရေး ဖိုရမ်ကို မကြာမီက တရုတ်ပြည် ကျန်းစူးပြည်နယ် စူးကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

လက်ရှိအချိန်တွင် တရုတ်ဈေးကွက်၌ ရရှိသော ပြန်ပြည့်စွမ်းအင် ဆိုင်ရာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် တစ်ကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၃ပုံ၁ပုံ ရှိပြီး စွမ်းအင် သုံးစွဲခြင်း ဖွဲ့စည်းပုံ ဆက်တိုက် တရားနည်းလမ်းကျလာကြောင်း ၄င်းဖိုရမ်မှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင်၊ တရုတ်ပြည်သည် ၂၀၁၆ခုနှစ်မှ ၂၀၃၀ပြည့်နှစ် အထိ စွမ်းအင် ထုတ်လုပ်မှု နှင့်သုံးစွဲမှု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ထုတ်ပြန်မည် ဖြစ်ပြီး ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးပြီး လုံခြုံတွင်ကျယ်သန့်စင်သည့် ခေတ်မီစွမ်းအင် စနစ်ကို အရှိန်မြှင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။