"အခြေအနေသစ်မျိုးတွင် တရုတ် ကွန်မြူနစ်ပါတီအတွင်း နိုင်ငံရေး လှုပ်ရှားမှုများ၏ အခြေခံမူများ"နှင့် "တရုတ် ကွန်မြူနစ်ပါတီ အတွင်း ကြီးကြပ်ရေး စည်းမျဉ်းဥပဒေ"ကို ၂ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
၎င်းစာတမ်း ၂ခုကို မကြာမီက ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဌမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် စိစစ်အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး အခြေအနေသစ်မျိုးတွင် တရုတ် ကွန်မြူနစ်ပါတီ အတွင်း နိုင်ငံရေး လှုပ်ရှားမှု အားဖြည့် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများ အရ ဆောင်ရွက်စေရန်၊ ပါတီ အတွင်း ကြီးကြပ်မှု တိုးမြှင့်ရေး အတွက် အခြေခံမူများချမှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပညာရှင်များက ယင်းစာတမ်း ၂ခု ထုတ်ပြန်ခြင်းသည် ပါတီဝင်များကို စနစ်အရ ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေး အဆင့်ကာလတွင် ဝင်ရောက်ခြင်းကို ဖော်ပြနေကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် အနာဂတ် တရုတ်ပြည် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရေး အတွက် အရေးကြီးကြောင်း ပြောကြားသည်။