တရုတ်ပြည်ကွမ်ရှီးပြည်နယ် နိုင်ငံတကာလူငယ်များကူးလူးဆက်ဆံရေးကောလိပ် ၄၄ ကြိမ်မြောက် လူငယ်ကေဒါအဆင့်မြင့် မွန်းမံသင်တန်းမှ မြန်မာအဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ယမန်နေ့ ၂ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးမူဝါဒ ကျင့်သုံးသည့် အစဦးပိုင်းတွင်ရှိနေသောကြောင့် တရုတ်ပြည်၏ အတွေ့အကြုံများသည် မြန်မာနိုင်ငံ အတွက် များစွာ အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။