ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ယခုလမှ မတ်လ ၁၅နေ့ထိ လျှောက်ထားနိုင်

2016-11-04 15:25:03 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာ လိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ သည် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ယခုနှစ် နိုဝင်ဘာလမှစပြီး ၂ဝ၁၇ ခုနှစ် မတ်လ ၁၅ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင် လျှောက်ထား နိုင်ကြောင်း ကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် လစ်လပ်မဲဆန္ဒနယ်များကို အောက်တိုဘာ ၁၁ရက်တွင်လည်းကောင်း၊ ကြားဖြတ် ရွေးကောက်ပွဲအတွက် လျှောက်ထားလုပ် ငန်းစဉ် အချိန် စာရင်းကို အောက် တိုဘာ ၁၈ရက်တွင် လည်းကောင်း ထုတ်ပြန် ကြေညာခဲ့ ပြီးဖြစ်သည်။

 ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းရွေး ကောက်ပွဲစောင့်ကြည့် လေ့လာသူ ၁ဝဝဝဝ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူ ၁ဝဝဝ ကျော်ရှိခဲ့သည်။(Xinhua)