မလေးရှားအရှေ့ပင်လယ်ကမ်းရိုးတန်းရထားလမ်း တရုတ်တည်ဆောက်မည်

2016-11-07 11:13:39 |သတင်းအရင်းအမြစ် 国际在线

တရုတ်နှင့် မလေးရှားသက်ဆိုင်ရာ ကုမ္ပဏီတို့သည်၊ မလေးရှားအရှေ့ ပင်လယ် ကမ်းရိုးတန်းမီးရထားလမ်းတည်ဆောက်ရေးဆိုင်ရာ ကန်ထရိုက်စာချုပ်ကို ၁ ရက် နေ့က ပီကင်းတွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ ယင်းကန်ထရိုက်စာချုပ်၏ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိကြောင်း၊ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် မလေးရှား ဝန်ကြီးချုပ် နာဂျစ်တို့သည်၊ ချုပ်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ် Global Times မှသတင်း ကို ကိုးကား၍ စီအာအိုင်ကဖော်ပြသည်။

ယင်း တည်တောက်တော့မည့် ကီလီမီတာ ၆၀၀ ရှည်လျားသော ရထားလမ်းသည်၊ မလေးရှားနိုင်ငံ အရေးကြီး မြို့ ၈ မြို့ကို ဆက်စပ်ပေ်းမည်ဖြစ်ပြီး၊ ၅နှစ်မှ ၆နှစ်အတွင်း တည်ဆောက်ပြီးမြောက်မည်ဟု ခန့်မှန်းရသည်။