ဒုက္ခသည်ပြဿနာ ဖြေရှင်းရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့် ဆောင်ရွက်ရ

2016-11-07 11:22:57 |သတင်းအရင်းအမြစ် 国际在线

 ၃ရက်နေ့က ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ဝူဟိုင်ထောက ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ဆောင်ရွက်ရန်လိုကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာမဟာမင်းကြီးရုံး စသောဌာနများ အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဘက်စုံဖြေရှင်းရေးစီမံကိန်းကို ချမှတ်ဖော်ဆောင်ရန် ပန်ကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။