မြန်မာနိုင်ငံအား ထောက်ပံ့မည်ဟု ဂျပန်မှ ကြေညာခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က သက်ဆိုင်ရာနိုင်ငံများသည် သက်ညာထောက်ထားမှုနှင့် ပွင့်လင်းမှုရှိသော သဘောထားဖြင့် နိုင်ငံချင်းဆက်ဆံမှုကို ဖွံ့ဖြိုးတိုး တက်စေရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည်နှင့် အခြားနိုင်ငံများကြား ပုံမှန် သံတမန်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးသည် မည်သည့်တတိယဖက်ကိုမျှ မရည်ရွယ်ကြောင်း ယမန်နေ့ ၃ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။