တရုတ် နိုင်ငံတော် ပင်လယ် ရေးရာ ဦးစီးဌာနသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တောင်ပင်လယ်နှင့် အနီးတဝိုက်ပင်လယ်ဒေသ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် စီမံကိန်းကို ၄ ရက်နေ့ နံနက်ပိုင်းက ရှာ့မင်မြို့၌ ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းသည် ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းကာလအတွင်း တရုတ်နှင့် တောင်ပင်လယ်နှင့် အနီးတဝိုက် နိုင်ငံနှင့်ဒေသများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ စသည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များနှင့် ပင်လယ်စီးပွါးရေး၊ မူဝါဒ၊ ပတ်ဝန်းကျင် စသည့် နယ်ပယ် ၇ ရပ်တွင် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေး မူဘောင်များကို ချမှတ်ထားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။