တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၄ ရက်နေ့ နံနက်ပိုင်းက လက်သွေးဗီးယားနိုင်ငံ ရီဂါ မြို့ ဝန်ကြီးချုပ်ရုံး၌ လက်သွေးဗီးယား ဝန်ကြီးချုပ် ကူဂင်စကီစ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်က၊ နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၂၅ နှစ်အတွင်း နှစ်ဖက် အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် ခိုင်မာလာပြီး နယ်ပယ် အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် နက်ရှိုင်းလာကြောင်း၊ တရုတ်-အလယ်အရှေ့ဥရောပ ပူးပေါင်းဆောင်ရွက်မှုကို လက်သွေးဗီးယား တက်ကြွစွာ အားပေးထောက်ခံခြင်းကို တရုတ်နိုင်ငံက ချီးကျူးပါကြောင်း ပြောကြားသည်။