တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၄ ရက်နေ့ ညနေပိုင်းက ရီဂါမြို့ တည်းခိုရာ ဟိုတယ်၌ မက်ဆီဒိုးနီးယား ဝန်ကြီးချုပ် ဒီမီထရီယဲ့ဖှ်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်က၊ တရုတ်-မက်ဆီဒိုးနီးယား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ချောမောစွာ တိုးတက်နေပြီး အလားအလာ ကောင်းမွန်ပါကြောင်း ပြောကြားသည်။
ဒီမီထရီယဲ့ဖှ်က၊ မက်ဆီဒိုးနီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လိုကြောင်း ပြောကြားသည်။