တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၄ ရက်နေ့ ညနေပိုင်းက ရီဂါမြို့ တည်းခိုရာ ဟိုတယ်၌ အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် ရာမာနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်က၊ တရုတ်-အယ်လ်ဘေးနီးယား ချစ်ကြည်ရေး အစဉ်အလာ နက်ရှိုင်းပြီး နိုင်ငံရေး အခြေခံ ခိုင်မာကာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်နေကြောင်း ပြောကြားသည်။