လီခေ့ချန်သည် ရုရှားသို့ ခရီးလှည့်လည်မည်

2016-11-07 11:58:30 |သတင်းအရင်းအမြစ် 国际在线

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ရုရှား ဝန်ကြီးချုပ် မေဒ်ဗယ်ဒယ့်ဗ်၏ ဖိတ်ကြားချက်အရ စိန်ပီတာဘတ်မြို့၌ ကျင်းပမည့် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ၂၁ အကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည့်အပြင် ရုရှား၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရုရှားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီဟွေက၊ တရုတ်-ရုရှား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်ဆက်ဆံမှု တွန်းအားပေးရန် အင်အားကောင်းနှင့် ခိုင်မာသော အခြေခံ ဖြစ်ပြီး နှစ်ဖက်တို့၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီကြောင်း ပြောကြားသည်။