တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၅ ရက်နေ့ညက ရီဂါမြို့ တည်းခိုရာ ဟိုတယ်၌ ရိုမေးနီးယား ဝန်ကြီးချုပ် ဂျော်လိုရှ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်က၊ တရုတ်-ရိုမေးနီးယား ချစ်ကြည်ရေး အစဉ်အလာ အခြေခံ နက်ရှိုင်းပြီး နှစ်ဖက် ဆက်ဆံမှု အရှိန်ကောင်းမွန်စွာဖြင့် တိုးတက်နေကြောင်း ပြောကြားသည်။
ဂျော်လိုရှ်ကလည်း၊ ရိုမေးနီးယားသည် တရုတ်ပြည်နှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကို တွန်းအားပေးနေကြောင်း ပြောကြားသည်။